သင့်ရဲ့ဘူဖေး(သို့)အစားအသောက်တည့်ခင်းပွဲများကို တစ်ခုခုပြောင်းလဲဖို့လိုနေပြီလား။ သင့်ရဲ့စားသုံးသူတွေအတွက်စိတ်လှုပ်ရှားစေမယ့်ဆွဲဆောင်နိုင်တဲ့ချက်ပြုတ်နည်းများနှင့်ဟင်းပွဲတွေကိုလေ့လာပြီးပေမယ့် Idea တွေကုန်နေပြီလား။

အဖြေကသင့်ရဲ့အရှေ့မှာဖြစ်ပါတယ်။ဂန္တ၀င်အာရှဟင်းလျာတွေကိုတစ်ဖန်ပြန်လည်ဆန်းသစ်၍လုံးဝထူးခြားသည့်ဟင်းပွဲအသစ်များကိုသာဖန်တီးလိုက်ပါ။ ဖန်တီးနိုင်မည့်နည်းလမ်းများကတော့

ဒေသခံတို့အကြိုက်ဟင်းပွဲများကိုတစ်မူထူးခြားအောင်ဖန်တီးလိုက်ပါ။

ဒေသခံတို့အကြိုက်ဟင်းပွဲများကိုတစ်မူထူးခြားအောင်ဖန်တီးလိုက်ပါ။

အကြံအဥာဏ်များအတွက်အဝေးကိုလိုက်ရှာနေစရာမလိုအပ်ပါ။ စင်ကာပူစားသောက်ဆိုင် “The Quarters” ၏အဆိုအရ

  • မလေးစတိုင်ဆာတေးကိုဘာဂါအသားညှပ်အဖြစ်ထည့်၍ပဲဆော့စ် အစပ်နှင့်တွဲဖက်ခြင်း
  • မူလလက်ဟောင်းကြက်ဆီထမင်းကို ဟိုင်နန်ပြုတ်ရည်ဖြင့်စိမ်ထားသောကြက်သားဖြင့်ငရုတ်သီးဆော့စ်နှင့်တွဲဖက်ခြင်း
  • ကြက်သားဟင်းနင့်ခရင်မ်ဆော့စ်

အပေါ်ကဟင်းပွဲတွေတင်မကဘဲချဉ်ချဉ်စပ်စပ်ထိုင်းအရသာ/တုန်ယမ်းဟင်းချိုတို့ကို အခြားသောပုံစံအသစ်များသို့ပြောင်းလဲနိုင်ပါသည်။ ဥပမာ-တုန်ယမ်းပါစတာ ၊ တုန်ယမ်း ကြော် ၊ တုန်ယမ်းကြက်တောင်ပံကြော်။

Sambal Shiok စားသောက်ဆိုင်ကိုလည်းနမူနာယူနိုင်ပါသည်။ ၎င်းဆိုင်တွင်မလေးအရသာ ၊ မလေးစတိုင် ဆာတေးနှင့်အမဲသားတို့ကို အရသာရှိသည့်ဘာဂါအသားအဖြစ်ပြောင်းလဲအသုံးပြု၍ကြွပ်ကြွပ်ရွရွဘာဂါပေါင်မုန့်နှင့်အတူတွဲဖက်၍စားသုံးသူများအတွက်အလွန်ပျော်ရွှင်စေသည်မှာအမှန်ဖြစ်သည်။

မုလလက်ဟောင်းဂန္တ၀င်ဟင်းလျာများကိုစတိုင်အသစ်ဖြင့်ဖန်တီးခြင်း

မုလလက်ဟောင်းဂန္တ၀င်ဟင်းလျာများကိုစတိုင်အသစ်ဖြင့်ဖန်တီးခြင်း

တစ်ခါတစ်ရံမှာအစားအစာများကိုပြန်လည်ဖန်တီးခြင်းသည်ပါဝင်ပစ္စည်းများကိုအားလုံးအကုန်ထည့်ခြင်းကိုဆိုလိုသည်မဟုတ်ပါ။ ရိုးရိုးရှင်းရှင်းဖြင့်ဂန္တ၀င်ဟင်းပွဲများကိုပို၍လွယ်ကူအဆင်ပြေသောပုံစံဖြင့်ဖန်တီးခြင်းဖြစ်ပါသည်။

ဂဏန်းအစပ်သည်စင်ကာပူတွင်ထင်ရှားသော်လည်း အမာခံစားသုံးသူများကပင် ထိုဟင်းပွဲကိုစားရသည်မှာအလုပ်ရှုပ်လက်ဝင်သည်ဟုထောက်ခံကြသည်။ ထို့ကြောင့် “The Bao Makers “Bakery & Café မှအရေးပါသောအပိုင်း(၃)ပိုင်းကိုယူ၍ - မန်ထိုကြော် ၊ ဂဏန်းအသားနှင့်ငရုတ်သီးဆော့စ်တို့ဖြင့် စင်ကာပူတို့ငယ်စဉ်ကတည်းကစားသောက်လာသည့် Pau ဘာဂါပုံစံအဖြစ်ဖတန်တီးထားသည်။

ထို့အပြင် စင်ကာပူနာမည်ကြီးစားသောက်ဆိုင်ခွဲစုများ “Din Tai Fung” သည်ပေါင်မုန့်ပေါင်းထဲသို့ချိုမြိန်နူးညံသောဂဏန်းသား ၊ ငရုတ်သီးတို့ကိုထည့်၍လွယ်လွယ်ကူအရသာရှိအောင်ဖန်တီးထားသည်။

သင့်ရဲ့ဟင်းပွဲတွေကိုအသစ်ဖန်တီးပြီးဟိုတယ်ကိုလာဖို့ဆွဲဆောင်ခြင်း

သင့်ရဲ့ဟင်းပွဲတွေကိုအသစ်ဖန်တီးပြီးဟိုတယ်ကိုလာဖို့ဆွဲဆောင်ခြင်း

ဟိုတယ်များသည် မူလဟင်းပွဲများကိုအနှစ်သာရကိုမပျက်စေဘဲဖန်တီးနိုင်ပါသည်။ 

Giovanni Sias, Waterfront Manila Pavillon Hotel ၏အမှုဆောင်စားဖိုမှူးမှ 

သင့်အနေနဲ့စိတ်ကူးစိတ်သန်းများပေါ်ထွက်လာသလိုခံစားရပါသလား။ အရှေ့နဲ့အနောက်တိုင်းပေါင်းစပ်ထားသည့်ထမင်းကြော်၏အရသာကိုမြည်းစမ်းကြည့်ပါ။


သင့်ရဲ့စိတ်ကူးစိတ်သန်းနှင့်အချိန်တို့မှာသင်စိတ်ကြိုက်ဖန်တီးနိုင်ပါသည်။ ဒေသတစ်ဝှမ်းရှိမူလက်ဟောင်းဟင်းပွဲများကိုအချိန်ယူလေ့လာ၍သင့်ရဲ့ထပ်မံပေါင်းထည့်လိုက်သောဆန်းသစ်တီထွင်မှုကိုမိတ်ဆက်၍ဘူဖေး/အစားအေသာက်ပွဲများတွင်တည့်ခင်းလိုက်ပါ။