သို့သော်သင့်စားသောက်ဆိုင်၏အဓိကပုံစံ၊စတိုင်ပေါ်မူတည်၍ မီနူးသည်ဟင်းပွဲများ၏အဆက်အစပ်၊တစ်ဆင့်ပြီးတစ်ဆင့်ကို ဖော့်ပြနိုင်ရမည်ဖြစ်သည်။ဥပမာအနေဖြင့် မီနူးကိုသင်တင်ပြလိုသောပုံစံပေါ်မူတည်၍စိတ်ကူးရှိသလိုဖန်တီးနိုင်သည်။ အချို့စားသောက်ဆိုင်များတွင် ကျောက်သင်ပုန်းများ ၊ ဘုဒ်ပြားများ (သို့) ဘောင်ခတ်ထားသည့်ပုံစံများဖြင့်စားသုံးသူများကိုအံ့သြစိတ်ဝင်စားစေရန်ပြသထားသည်။
မီနူး စာအထားအသို
သင့်ရဲ့ဟင်းပွဲတွေကိုဘယ်လိုဖော်ပြမလဲ။
ဟင်းပွဲများကို ရိုးရိုးရှင်းရှင်းဖော်ပြသင့်ပြီး စားသုံးသူစိတ်ဝင်စားလာအောင်ပုံဖော်နိုင်ရမည်ဖြစ်သည်။ သင့်ရဲ့စကားလုံးများကို စားသုံးသူ၏စိတ်ပန်းချီကားတွင်ရေးဆွဲနေသောဆုတ်ချက်များကဲ့သို့သဘောထားပြီးစဉ်းစားပါ။ အလွန်အကြူးရေးထားသော ၊ ဆိုးဆိုးရွားရွားဖော်ပြထားသောဟင်းပွဲများကိုစားသုံးသူများကမှာယူသုံးဆောင်ချင်မည်မဟုတ်ပါ။
သင့်ရဲ့ဟင်းပွဲကိုရိုးရှင်းစွာဖော်ပြပါ။
ရိုးရှင်း၍နားလည်ရလွယ်ကူသောဘာသာစကားကိုသုံးပြီး စားလုံးများများသုံးခြင်းကိုရှောင်ကြဉ်ပါ။ မီးဖိုချောင်ရှိလူများသာနားလည်မည့်အသုံးအနှုန်းများကိုရှောင်ကြဉ်ပါ။ မိမိ၏ဟင်းပွဲများကို ရိုးရှင်းသောအမည်ပေးခြင်းဖြင့် မိမိပုံစံကိုပေါ်လွင်စေပြီးစားသုံးသူ၏စိတ်ထဲတွင်မှတ်မိစေပါသည်။ သင့်ရဲ့ဆိုင်ရှိအပြောင်းအလဲနှေးသော ဟင်းပွဲ၏အမည်ကိုအမျိုးမျိုးကစားကြည့်ပါ။ ထိုဟင်းပွဲမှာသင့်ဆိုင်၏အရောင်းရဆုံးဟင်းပွဲပင်ဖြစ်လာနိုင်သည်။
မီနူး ဈေးနှုန်းသတ်မှတ်ခြင်း
စားဖိုမှူးတိုင်းသည် ဟင်းတစ်ပွဲတွင်ပါဝင်သောဆား၏တန်ဖိုးကိုပင်သိသကဲ့သို့ မီးဖိုချောင်ကိုစီမံခန့်ခွဲရာတွင်အစားအစာကုန်ကျစရိတ်ကိုတွက်ချက်နည်းသည်အရေးပါသောအချက်များထဲမှတစ်ချက်ဖြစ်သည်။ အစားအစာကုန်ကျစရိတ်သည်မိမိရောင်းချမည့်ဟင်းပွဲဈေးနှုန်း၏ ၃၂% ၀န်းကျင်တွင်ရှိသည်။ မီနူးဈေးနှုန်းကိုမတွက်ချက်ခင်ဟင်းပွဲတွင်ပါဝင်သောပါဝင်ပစ္စည်းများအားလုံးကိုထည့်သွင်းစဉ်းစားပါ။
မီနူးဈေးနှုန်းကို စနစ်တကျ သတ်သတ်မှတ်မှတ်တွက်ချက်ပါ။ အုပ်စုတစ်ခုတည်းရှိဟင်းပွဲများ၏ဈေးနှုန်းကိုအလွန်ကွာဟအောင်မပြောင်းလဲပါနှင့်။ သို့မဟုတ်ပါက စားသုံးသူများအနေဖြင့်ပိုဈေးများသောဟင်းပွဲကိုသာသတိပြုနေလိမ့်မည်။ ဥပမာအားဖြင့် ငါးဟင်းပွဲကို ဒေါ်လာ (၂၀) ဖြင့်ထားပြီး အမဲသားကင်ဟင်းပွဲကိုဒေါ်လာ (၇၀)ဖြင့်ထား၍မရောင်းသင့်ပါ။နောက်ဆုံးအနေဖြင့်သင့် ဟင်းပွဲ၏ဈေးနှုန်းကိုကိန်းပြတ်တန်ဖိုးဖြင့်သာထားပါ။ သင်အမြဲသတိပြုရမည့်အဓိကအရာမှာ ရိုးရှင်းသောမီနူးသည်သာကောင်းမွန်သောမီနူးဖြစ်သည်။