ကာဘိုဟိုက်ဒရိတ်(ဆန်၊ဂျုံ၊ပြောင်း) စသည်တို့သည် အာရှဒေသတွင်မရှိမဖြစ်အရေးပါလှပြီးဟင်းပွဲအများစုမှာ ဆန်(သို့) ခေါက်ဆွဲတို့တွင်အခြေခံသည်။ အနောက်တိုင်းဟင်းလျာမှာမူအာရှဟင်းလျာနှင့်မတူဘဲပရိုတင်းဓာတ်(အသား၊ပဲ)ပါဝင်မှုမှာအဓိကဖြစ်သည်။သို့သော်ထိုပရိုတင်းဓာတ်(အသား၊ပဲ)တစ်မျိုးတည်းနှင့်ဖန်တီးချက်ပြုတ်၍မရပါ။ ပြီးပြည့်စုံသောဟင်းပွဲတစ်ပွဲကိုဖန်တီးရန်အခြားသောပါဝင်ပစ္စည်းများကိုလည်းထည့်သွင်းစဉ်းစားရပါသည်။


၁။ အာလူးများ

အနောက်တိုင်းဟင်းလျာတွင် အာလူးကိုနှစ်ခြိုက်စွာနည်းအမျိုးမျိုးဖြင့်တွင်ကျယ်စွာအသုံးပြုကြသည်။ သင်အာလူးကို လှီးဖြတ်ပုံနှင့်ချက်ပြုတ်သည့်နည်းလမ်းအမျိုးမျိုးပေါ်မူတည်၍လိုအပ်သလိုဖန်တီးနိုင်ပါသည်။ လူသိများသောချက်ပြုတ်နည်းများမှာ 

  • အာလူးမီးဖုတ်
  • အာလူးကင်
  • အာလူးထောင်း
  • အာလူးချောင်းကြော်

 

 

 

 

အမဲသားကင်နှင့်အာလူးချောင်းကြော် ၊ ငါးကြော်နှင့်အာလူးချောင်းကြော်၊ စသည့် ဟင်းပွဲဥပမာများကိုကြည့်ခြင်းအားဖြင့်အာလူးကိုဟင်းချက်ရာတွင်အမျိုးမျိုးဖန်တီးနိုင်ည်ကိုတွေ့ရသည်။


ကျွန်တော်တို့စားဖိုမှူးများမှညွှန်းလိုသည့်ဟင်းလျာမှာ

ကျွန်ုပ်တို့စားဖိုမှူးများ၏ညွှန်းချက်အရ 
ရို့စ်မယ်ရီ၊ဂျင်းနှင့်ကင်ထားသောအာလူး ၊ ခရင်မ် ၊ ချိစ်နှင့်ကင်ထားသောအာလူးစိတ်လေးများ၊ အီတလီစတိုင်အာလူးဟင်း၊အာလူးသုပ်နှင့်ဝက်သားလိပ်


၂။ အသုပ်များ

အသုပ်များသည် အချဉ်ဓာတ်နှင့် လတ်ဆတ်သောအရသာကိုပေးစွမ်းနိုင်သဖြင့် အသားနှင့်ကာဘိုဟိုက်ဒရိတ်တို့၏ အအီဓာတ်ကိုဖြေလျော့ပေးနိုင်သည်။

အသုပ်များကို အေးသောအပူချိန်တွင်သာတည့်ခင်းလေ့ရှိပြီး ပထမအစပိုင်းတွင်(သို့) အဓိကဟင်းပွဲနှင့်အတူတူသုံးဆောင်လေ့ရှိသည်။ အထင်ရှားဆုံး အသုပ်တစ်မျိုးမှာ ဟင်းရွက်စုံအသုပ်ဖြစ်ပြီး

ဆလပ်ရွက်၊ပင်စိမ်း၊ ရော့ကဒ်ဆလပ်ရွက်၊ဟင်းနုနယ်၊ သခွားသီး၊မုန်လာဥအဖြူ၊သစ်သီးများ၊အစေ့အစံများပါဝင်သည်။
အရသာရှိသောအသုပ်ကိုနည်းအမျိုးမျိုးဖြင့်ဖန်တီးနိုင်သည်။

 

 

 

 

Tomato Caprese - မိုဇရယ်လာချိစ် ၊ ခရမ်းချဉ်သီး ၊ အီတလီပင်စိမ်း၊သံလွင်ဆီနှင့်ပြုလုပ်ထားသောအီတလီအသုပ်


အသုပ်များကိုအဓိကဟင်းပွဲအဖြစ်ပင်တည့်ခင်းနိုင်ပါသည်။ အမဲမိုးခိုသား(သို့)ကြက်သားကင်အချို့တို့ကို ထည့်လိုက်လျှင်ကျန်းမာရေးနှင့်သင့်တော်ပြီးပရိုတင်းဓာတ်ကြွယ်ဝသောဟင်းပွဲတစ်ပွဲကိုဖန်တီးနိုင်ပါသည်။

ကျွန်ုပ်တို့စားဖိုမှူးများ၏ညွှန်းချက်အရ

ဆလပ်ရွက်၊ခရမ်းချဉ်သီး၊သခွားသီး၊Vinegar အခြေခံအသုပ်ဆောစ့်တို့ပါဝင်သည့် အရံ အသုပ်


၃။ ပါစတာ

ပါစတာအသုပ်များ(အအေးစာ)ကို မရောနိစ်ဆော့စ်ဖြင့်တွဲဖက်လေ့ရှိသောကြောင့်များသောအားဖြင့်အရံဟင်းပွဲအကြီးစားအဖြစ်သတ်မှတ်လေ့ရှိသည်။ သို့သော်ယခုကဲ့သို့သောပါစတာအသုပ်ကို လတ်ဆတ်၍အရသာရှိသောပုံစံမျိုးဖြစ်အောင်အခြားနည်းများဖြင့်ဖန်တီးနိုင်ပါသည်။ ကြက်သားကင် အမျှင်များ(သို့)ငါးများ ၊သံလွင်သီး၊ခရမ်းချဉ်းသီး ၊Capers တို့ထည့်ပြီး ပေါ့ပေါ့ပါးပါး ဥရောပအမွှေးအကြိုင် ဆောစ့်တစ်မျိုးဖြင့်ဖန်တီးနိုင်ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သည့်ထိုပါစတာကိုစားသုံးပြီးသည့်အခါအရသာကိုစွဲလမ်းစေလိမ့်မည်ဖြစ်သည်။

ကျွန်ုပ်တို့စားဖိုမှူးများ၏ညွှန်းချက်အရာ

ဂျပန်Soba ခေါက်ဆွဲအအေးသုပ်နင့် Shitake မှို ၊ Pine nuts (အစေ့အစံများ)

 

ခနောခရုဆီ ၅ ကီလိုဂရမ်

စားဖိုမှူးများအတွက်ရည်ရွယ်၍စားဖိုမှူးများမှထုတ်လုပ်ထားပါသည်။ ခနောခရုဆီသည်သင်ချက်ပြုတ်လိုသောဟင်းပွဲတိုင်း၏အနံ့အရသာကိုပြည့်စုံကောင်းမွန်စေပါသည်။အကြော်အလှော်များနှင့်အသားနယ်နှပ်ရန်အတွက်အထူးသင့်တော်ပါသည်။

Find out more

 

ပြန်သွားရန် နိုင်ငံတကာဟင်းလျာ