ဂဏန်းမွှေကြော်နှင့် ဟင်းအနှစ်
အားလုံးအတွက်အကောင်းဆုံးအရသာ

ပါဝင်ပစ္စည်းများ
ဟင်းလျာပြင်ဆင်နည်း
-
ဥနှင့်ဂဏန်းအမ (သို့) ရိုးရိုးဂဏန်း 1 ကီလိုဂရမ်
-
နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ၅ဂရမ် 5 ဂရမ်
-
ကာရီအမှုန့် 0.5 စားပွဲတင်ဇွန်း
-
ကြက်သွန်မြိတ် (လှီးဖြတ်ပြီး) 15 ဂရမ်
-
တရုတ်နံနံအကြီး (လှီးဖြတ်ပြီး) 15 ဂရမ်
-
ငရုတ်သီးအနီ 10 ဂရမ်
-
ငရုတ်ပွ 10 ဂရမ်
-
ကြက်သွန်နီ 20 ဂရမ်
-
နို့စိမ်း 3 စားပွဲတင်ဇွန်း
-
တရုတ်ဆန်အရက် 0.5 စားပွဲတင်ဇွန်း
-
ငရုတ်သီးအနှစ် (Ready-made) 1 စားပွဲတင်ဇွန်း
-
ငရုတ်သီးအနှစ်ဆီ (Ready-made) 1 စားပွဲတင်ဇွန်း
-
ငရုတ်သီးအစိမ်းမှုန့် 0.25 လက်ဖက်ရည်ဇွန်း
-
ဟင်းသီးဟင်းရွက်ဆီ 3 စားပွဲတင်ဇွန်း
-
ကြက်ဥ 1 ခု
-
ရေဖျော်ထားသောပီလောပီနံမှုန့် 1 စားပွဲတင်ဇွန်း
-
ပြုတ်ရည် 50 ဂရမ်
အကြော်အလှော်များအတွက်ခရုဆီဖြင့် ပြုလုပ်ထားသောအဓိကဆောစ့် ၊ အရှေ့တိုင်းစတိုင် ဖော်မျုလာ
-
ပဲငံပြာရည် 100 ဂရမ်
-
သကြား 100 ဂရမ်
ပြင်ဆင်ပုံ
-
ဟင်းလျာပြင်ဆင်နည်း
- ဂဏန်းကိုခွဲ၊ အသားထုတ်ပြီး အပိုင်းအသေးလေးတွေဖြစ်အောင်လှီးပြီးနောက် ကြက်သွန်မြိတ်၊ တရုတ်နံနံအကြီး၊ ဂျင်းတို့ကို ပန်းကန်ထဲထည့်ပြင်ထားပါ။ ဂဏန်းသားကို ကျက်သည်အထိအားလုံးကိုပေါင်းထားပါ။ ထို့နောက်သပ်သပ်ထားထားပါ။
- ဒယ်အိုးထဲတွင် ဟင်းသီးဟင်းရွက်ဆီထည့်ပြီးအပူပေးပါ။ လှီးထားသော ကြက်သွန်ဖြူ၊ တရုတ်နံနံ အကြီးနှင့် တရုတ်ရိုးရာအရက်တို့ကို ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် အသားပြုတ်ရည်ထည့်ပြီး ခရုဆီ၊ ကာရီအမှုန့်၊ ငရုတ်သီးအစိမ်းအမှုန့်နှင့် ငရုတ်သီးအနှစ်တို့ကိုပါထည့်ပါ။ ပြီးလျှင် လှီးထားသော ကြက်သွန်နီ၊ ငရုတ်ပွ၊ ပေါင်းထားသောဂဏန်းကို ထပ်ထည့်ပါ။* ပြီးလျှင် လှီးထားသော ကြက်သွန်နီ၊ ငရုတ်ပွ၊ ပေါင်းထားသောဂဏန်းကို ထပ်ထည့်ပါ။ ထို့နောက် အိုးထဲသို့နို့စိမ်းလောင်းပြီး ကြက်ဥနှင့်ရေဖျော်ထားသောပီလောပီနံမှုန့်် တို့ကိုထည့်မွှေပါ။ ပါဝင်ပစ္စည်းအားလုံးနှံ့စပ်ပြီး ပျစ်လာသည်အထိမွှေပေးပါ။
- နောက်ဆုံးအနေနဲ့ လှီးထားသော ငရုတ်သီးအနီ၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ အကြီး တို့ကို ထည့်ပြီးကျက်သည်အထိ မွှေကြော်ပေးပါ။ အရောင်လှစေရန် ဂဏန်းကို ငရုတ်သီးအနှစ်ဖြင့် ထပ်ရောပေးပါ။
သတိပြုရန်: အဓိကပါဝင်သည့်ပင်လယ်စာအနေနဲ့ ဂဏန်းအပြင် ပုစွန်၊ ကင်းမွန်၊ ငါးနှင့် အခြားအမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါသည်။ *ခရုဆီဖြင့် ပြုလုပ်ထားသောအဓိကဆောစ့် ၃ စားပွဲတင်ဇွန်း
-
အကြော်အလှော်များအတွက်ခရုဆီဖြင့် ပြုလုပ်ထားသောအဓိကဆောစ့် ၊ အရှေ့တိုင်းစတိုင် ဖော်မျုလာ
- ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပြီးသေချာမွှေပေးပါ။