ငရုတ်ကောင်းနက် ပင်လယ်စာကြော်
ပူပူစပ်စပ်နဲ့ထူးခြားသော ထိုင်းငရုတ်ကောင်းနက် ပင်လယ်စာဟင်းပွဲ

ပါဝင်ပစ္စည်းများ
ဟင်းလျာပြင်ဆင်ခြင်း
-
ပုဇွန် 180 ဂရမ်
-
ငရုတ်ပွ (အရောင်စုံ) 40 ဂရမ်
-
ကြက်သွန်မြိတ် (လှီးဖြတ်ပြီး) 10 ဂရမ်
-
ရို့စ်မယ်ရီ (တောက်တောက်စဉ်း) 1 လက်ဖက်ရည်ဇွန်း
-
တရုတ်နံနံအကြီး 10 ဂရမ်
-
နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ၅ဂရမ် 10 စားပွဲတင်ဇွန်း
-
လှီးပြီးသား ကြက်သွန်နီ 25 ဂရမ်
-
ငရုတ်ကောင်းနက်အကြမ်းထောင်း 1 စားပွဲတင်ဇွန်း
-
ထောပတ် 2 စားပွဲတင်ဇွန်း
-
တရုတ်ဆန်အရက် 0.5 စားပွဲတင်ဇွန်း
-
ဟင်းသီးဟင်းရွက်ဆီ 3 စားပွဲတင်ဇွန်း
-
ပြုတ်ရည် 50 ဂရမ်
-
ပြောင်းဖူးကော်မှုန့်ကိုရေဖျော်ပါ - ရေ (၁) ဆ ကော်မှုန့် (၁) ဆ
အကြော်အလှော်များအတွက်ခရုဆီဖြင့် ပြုလုပ်ထားသောအဓိကဆောစ့် ၊ အရှေ့တိုင်းစတိုင် ဖော်မျုလာ
-
ပဲငံပြာရည် 100 ဂရမ်
-
သကြား 100 ဂရမ်
ပြင်ဆင်ပုံ
-
ဟင်းလျာပြင်ဆင်ခြင်း
- ပင်လယ်စာတွေဖြစ်တဲ့ ပုဇွန်၊ ကင်းမွန်၊ ငါးတို့ကိုသန့်စင်အောင်ဆေးကြောပြီး ဂျုံမှုန့်နှင့်ကပ်ပြီးနောက် ဆီပူထဲတွင်ထည့်၍ကြွပ်လာပြီးရွှေညိုရောင်သန်းလာသည်အထိ ကြော်ပါ။ သပ်သပ်ထားထားပါ။
- အိုးထဲကို ထောပတ်ထည့်ပါ၊ ပြီးနောက် တရုတ်ဝိုင်ကိုထည့်ပါ။ ၄င်းတို့ကိုဆီဆူအောင်တည်ပြီး အဲကိုဟောလ်ဓာတ်မျာကို အငွေ့ပြန်အောင်ပြုလုပ်ပါ။ ပြီးနောက် ကြက်သွန်ဖြူ၊ ရို့မယ်ရီရွက်၊ ကြက်ပြုတ်ရည်တို့ကိုထည့်ပါ။ အသင့်စပ်ထားသော ခရုဆီပါဝင်သည့်ဟင်းခတ်ဆော့စ်ကိုထည့်ပြီးနောက် အသီးအရွက်စုံကိုထည့်ပါ။* ဆော့စ်မပျစ်သေးလျှင်ဖျော်ထားသောပြောင်းဖူးကော်ရည်ကိုထည့်ပါ။
- အခြားပါဝင်ပစ္စည်းများချက်ပြီးသည့်အခါ ကြော်ထားသောပင်လယ်စာများကိုထည့်ပြီး သမအောင်မွှေပါ။ ပြီးနောက် တရုတ်ကြက်သွန်နီနှင့်နံနံပင်တို့ကိုဟင်းပွဲပေါ်တင်ပြီး စားချင်စာဖွယ်ဖြစ်အောင်ပြင်ဆင်ပါ
*ခရုဆီနှင့်ပြုလုပ်ထားသောဟင်းခတ်ဆော့စ် ၂ စားပွဲတင်ဇွန်း
-
အကြော်အလှော်များအတွက်ခရုဆီဖြင့် ပြုလုပ်ထားသောအဓိကဆောစ့် ၊ အရှေ့တိုင်းစတိုင် ဖော်မျုလာ
- ပါဝင်ပစ္စည်းများကိုသမအောင်ရောမွှေပါ။