+

နွားမြီး

စတူးပြုလုပ်နည်း

အာလူးများ

  • အခွံခွာပြီး လေးစိတ်ခြမ်းထားသောအာလူး 50 ဂရမ်
  • အခွံခွာပြီး လေးစိတ်ခြမ်းထားသောကန်စွန်းဥ 50 ဂရမ်
  • ဆား နှင့်ငရုတ်ကောင်း
  • ဘိုစားပဲသီး 20 ဂရမ်
  1. နွားမြီး

    • လတ်ဆတ်တဲ့ နွားမြီးကို ခနော ကြက်သားမှုန့်၊ မညက်တညက်ထောင်းထားတဲ့ ငရုတ်ကောင်းနက်တို့နဲ့ ရောနယ်ပေးပါ။
    • နွားမြီးကို အရောင်ရသည်အထိ အိုးကင်းတိုက်ပါ။ ထို့နောက်သပ်သပ်ထားထားပါ။
  2. စတူးပြုလုပ်နည်း

    • လက်ကိုင်ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး အပူပေးထားပါ။
    • ဆီပူလာတဲ့အခါ ကြက်သွန်နီ၊ မုန်လာဥ နဲ့ တရုတ်နံနံအကြီး တို့ကို အိုးထဲသို့ထည့်ပါ။
    • ကြက်သွန်ဖြူနဲ့ ငရုတ်ပွအနီနှင့်အစိမ်းတို့ကိုထည့်ပါ။
    • ခရမ်းချဉ်သီးအနှစ်နဲ့ ကျက်တိုက်ထားသောအရောင်တင်မှုန့် ကိုအိုးထဲသို့ထည့်ပါ။
    • အမဲပြုတ်ရည်ထဲသို့ ဖြေးဖြေးချင်းလောင်းထည့်ပြီး ဆူလာတဲ့အထိစောင့်ပါ။
    • နွားမြီးကိုထပ်ထည့်ပြီးနောက် မီးအနည်းငယ်လျှော့ပေးပါ။
    • ဒဲမီဂလေ့စ် အနှစ်ကိုလောင်းထည့်ပါ (ခနော ဒဲမီဂလေ့စ် ၁၀ ဂရမ် ကို ရေ ၁၀၀ မီလီလီတာနှင့်ရောစပ်ပါ)။ အနှစ်ပျစ်လာသည်အထိ မွှေပေးပါ။
    • မီးအေးအေးလေးနဲ့ ၂-၃ နာရီခန့် နူးလာသည်အထိ နှပ်ထားပေးပါ။
  3. အာလူးများ

    • အာလူး၊ ကန်စွန်းဥအားလုံးကိုရောထည့်ပြီး ရွှေညိုရောင်သန်းလာသည်အထိကြော်ပေးပါ။

     

  4. ပန်းကန်ထဲတွင်အလှဆင်ခြင်း

    • လေးထောင့်စက်စက် ပန်းကန်ထဲသို့ ပြုတ်ထားတဲ့ နွားမြီးကို ထည့်ပါ။
    • အာလူး၊ကန်စွန်းဥကြော်နှင့်အတူ တွဲဖက်စားသုံးနိုင်ပါသည်။