နဂါးငွေ့ တန်းရောင်စုံ သံပုရာရေခဲခြစ်
စားသုံးသူတို့ကို ဆွဲဆောင်နိုင်မယ့် အရောင်အသွေးစုံလင်တဲ့အချိုပွဲ

ပါဝင်ပစ္စည်းများ
အောင်မဲညိုပန်း ရေခဲ(အခဲ)အတွက်
-
အောင်မဲညိုပန်းခြောက် 20 ဂရမ်
-
ရေ 1500 မီလီလီတာ
-
ရေခဲ (ချေမွထားပြီး) 8 အောင်စ
နဂါးငွေ့ တန်းရောင်စုံ သံပုရာရေခဲခြစ်ပြုလုပ်နည်း
-
သကြားရည် 3 စားပွဲတင်ဇွန်း
-
အေးခဲထားသော ဆိုဒါရည်
-
သံပုရာခြမ်း (အလှဆင်ရန်)
-
ပူစီနမ်အရွက် (အလှဆင်ရန်)
-
ရေ 45 မီလီလီတာ
ပြင်ဆင်ပုံ
-
အောင်မဲညိုပန်း ရေခဲ(အခဲ)အတွက်
- ဆူပွက်နေတဲ့ရေနွေးအိုးထဲသို့ အောင်မဲညိုပန်းကိုထည့်ပြီး လိုချင်တဲ့အနေအထားထိရေအရောင်ပြောင်းလာအောင်စောင့်ပါ။ မီးပိတ်ပြီးနောက် ပန်းပွင့်ကိုဆယ်ပြီး အအေးခံပါ။
- ပန်းစိမ်ထားတဲ့အရည်ကို ရေခဲခွက်ထဲသို့လောင်းထည့်ပြီး အခဲဖြစ်အောင်ပြုလုပ်ပါ။ ၆ နာရီခန့်ကြာလျှင် အအေးခန်းထဲမှထုတ်ပြီး ရေခဲကိုချေရန် မွှေစက်ထဲတွင်ချေပါ။
-
နဂါးငွေ့ တန်းရောင်စုံ သံပုရာရေခဲခြစ်ပြုလုပ်နည်း
- ခနောသံပုရာမှုန့်ကို ရေ၊ သကြားရည်တို့နဲ့ ရောမွှေပါ။
- ချေထားသောရေခဲကို ဖန်ခွက်ထဲသို့ထည့်ပါ။ ပြီးလျှင် အဆင့်(၁) တွင်ရောမွှေထားသောအရည်ကို ဖန်ခွက်ထဲသို့ လောင်းထည့်ပါ။
- နောက်ဆုံးအသင့်ပြင်ဆင်ထားတဲ့ ဆိုဒါရည်ကိုလောင်းထည့်ပြီး လှီးထားသော သံပုရာသီးခြမ်း၊ ပူစီနမ်တို့ဖြင့် အလှဆင်ပြီးလျှင် အသင့်သုံးဆောင်နိုင်ပါပြီ။