+

ဆိတ်သားပြင်ဆင်နည်း

မြေပဲဆော့စ်ပြင်ဆင်ခြင်း

  • ဆီ 80 မီလီလီတာ
  • စပါးလင် 10 ဂရမ်
  • ကြက်သွန်နီ 50 ဂရမ်
  • ကြက်သွန်ဖြူ 10 ဂရမ်
  • ပုစွန်ငါးပိ 20 ဂရမ်
  • နံနံပင်စေ့ 5 ဂရမ်
  • ဇီရာစေ့ 2 ဂရမ်
  • ပတဲကောအမြစ် 5 ဂရမ်
  • အခွံချွတ်မြေပဲ 120 ဂရမ်
  • ရေနွေး 150 မီလီလီတာ
  • ငရုတ်သီးအစိမ်းမှုန့် 5 ဂရမ်
  • သကြား 20 ဂရမ်
  • ဆား 10 ဂရမ်
  • မန်ကျည်းသီးခြောက် 20 ဂရမ်

ဆိတ်သား ဆာတေးပြုလုပ်နည်း

  • ထမင်း 200 ဂရမ်
  • အချဉ်စိမ်ထားသောအသီးစုံ 50 ဂရမ်
  1. ဆိတ်သားပြင်ဆင်နည်း

    • နုပ်နုပ်စဉ်းထားသောဆိတ်သားကိုအနံ့အရသာအမှုန့်များဖြင့်နယ်ပြီး တစ်ညခန့်နှပ်ထားပေးပါ။
  2. မြေပဲဆော့စ်ပြင်ဆင်ခြင်း

    • ဆီ၊ စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ငါးပိ၊ နံနံပင်စေ့၊ ဇီယာစေ့၊ ပတဲကောမြစ်၊ အခွံချွတ်မြေပဲ တို့ကိုရောပြီး မီးငွေ့ငွေ့လေးနဲ့ နှပ်ထားလိုက်ပါ။
    • နှပ်ထားသည့်အိုးထဲသို့ခနောမန်ကျည်းနှစ်နှင့်ရေနွေးထည့်ပြီး မီးနည်းနည်းမြှင့်ပြီးနောက် ငရုတ်သီးမှုန့်၊ သကြား၊ ဆား၊ ဂျင်းတစ်ဆစ်၊ သံပုရာခွံထည့်ပြီး ၈-၁၀ မိနစ်ခန့် ပျစ်လာတဲ့အထိမွှေပေးပါ။
  3. ဆိတ်သား ဆာတေးပြုလုပ်နည်း

    • ဆိတ်သားကို အနေတော်ကျက်သည်အထိ အပူချိန် (၃၀၀-၃၅၀) ဒီဂရီဆဲလ်စီးယပ်စ် တွင် ၄ မိနစ် ခန့်အထိမီးသွေးဖြင့်ကင်ပါ။
    • ပန်းကန်ပေါ်တွင် မြေပဲဆော့စ်ကိုစမ်း၍ထမင်း၊ ဆိတ်သားကင် တို့ကို ထည့်ပါ။ ပြီးလျှင် အချဉ်စိမ်ထားသောအသီးစုံ ဖြင့် အလှဆင်ပါ။