+

ဟင်းလျာပြင်ဆင်နည်း

အဓိကဆော့စ်ပြုလုပ်နည်း

ဟင်းသီးဟင်းရွက်များ

  • မုန်လာဥနီ (စည်း) 1 ခု
  • နိုကိုဥနီ 5 ခု
  • နိုကိုဥ၀ါ 3 ခု
  • ကြက်သွန်နီအသေး 10 ခု
  • ကြက်သွန်နီအသေး (အဖြူ) 10 ခု
  • နိုကိုဥ၀ါ အရွက် 10 ခု
  1. ဟင်းလျာပြင်ဆင်နည်း

    • အမဲပေါင်ထိပ်သားကို အတုံး ၅ တုံးလှီးပါ။
    • အသားတုံးအားလုံးကို လိုအပ်တဲ့အပူချိန်အထိကင်ပါ။
    • အသားကို ခနော ကြက်သားမှုန့် ၊ ငရုတ်ကောင်းနက် နဲ့နယ်ပါ။
    • ပြီးလျှင်ခဏနှပ်ထားပါ။
  2. အဓိကဆော့စ်ပြုလုပ်နည်း

    • လှီးထားသောကြက်သွန်နီအသေးနဲ့ ကြက်သွန်ဖြူတို့ကို ဟင်းရွက်ဆီဖြင့်ကြော်ပါ။
    • ငရုတ်ကောင်းစေ့ကို ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နဲ့ ရောကြော်ပါ။
    • အရသာပိုထိမိစေရန် ငရုတ်ကောင်းစေ့နည်းနည်းကိုဖြူးပေးပါ။
    • ဆီသတ်ထားတဲ့အိုးထဲကို ၀ိုင်အနီလောင်းထည့်ပြီး သုံးပုံတစ်ပုံ ခမ်းသွားသည်အထိမွှေပေးပါ
    • ခနော ဒဲမီဂလေ့စ်ကိုထည့်ပါ။
    • တ်လတ်ဆတ်ဆတ် ဟင်းခတ်အမယ်များကိုလည်းထည့်ပါ။
    • မီးအေးအေးနဲ့ ၂ မိနစ်ခန့်ဖြည်းဖြည်းချင်းပေးဆူထားပါ။
    • နောက်ဆုံးတွင်ထောပတ်ကိုထည့်ပါ။
  3. ဟင်းသီးဟင်းရွက်များ

    • နိုဂိုဥကိုပြုတ်ပြီး အခွံခွာ အမြောင်းခပ်ကြီးကြီးလှီး ပြီး ၁၇၅ ဒီဂရီဆဲလ်စီးယပ်စ် ဖြင့်ကင်ပေးပါ။
    • ဥနီကို ရေဆေးပြီး နိုဂိုဥနှင့် အတူတူ ကင်ပါ။
    • ကြက်သွန်နီအသေးကိုလည်း ရေဆေးပြီး  ကင်ပါ။
    • နိုဂိုဥ၀ါရွက်ကို ရေဆေးပြီးပေါင်းပေးပါ။
  4. ပန်းကန်ထဲတွင်အလှဆင်ခြင်း

    • ဟင်းသီးဟင်းရွက်များကိုအပူပေးထားသောပန်းကန်ပြားထဲထည့်ပါ။
    • အမဲပေါင်ထိပ်သားကိုလှီးပြီး ပန်းကန်ပြားအလယ်မှာထားပါ။
    • ဆော့(စ်) ပြင်ဆင်ပြီး အမဲသားကိုတစ်ဝက်ကျော်ကျော်ဖုံးသည်အထိလောင်းပေးပါ