ရေချိုပုစွန်ကင် နဲ့ ခရမ်းသီးမီးကင်သုပ်
လူတိုင်းစားဖူးရမယ့်ထိုင်းဒေသအစားအစာ။ အံ့သြလောက်အောင်လျှာလည်သွားမယ့် အနံ့အရသာပြည့်စုံခရမ်းသီးအစပ်ချက်

ပါဝင်ပစ္စည်းများ
ဟင်းလျာပြင်ဆင်နည်း
-
အခွံခွာ လှီးဖြတ်ပြီး ကင်ထားသော ခရမ်းသီး 1 ခု
-
ရေချိုပုစွန် (ထပ်ခြမ်းခွဲထားပါ) 1 ခု
-
နုတ်နုတ်ဆင်းထားသော ၀က်သား 50 ဂရမ်
-
ချက်ပြီးနုတ်နုတ်စဉ်းထားသော ပုစွန် 50 ဂရမ်
-
ပုစွန်ခြောက် (ထောင်းပြီးသား) 0.5 စားပွဲတင်ဇွန်း
-
ကြက်သွန်မြိတ် (လှီးထားပြီး) 5 ဂရမ်
-
နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ ၅ဂရမ် 5 ဂရမ်
-
ကြက်သွန်နီ (ပါးပါးလှီးထားပြီး) 20 ဂရမ်
-
ငုံးဥ 2 ခု
-
နံနံပင်အနည်းငယ် (အပေါ်မှအုပ်ရန်)
-
ဆာလမွန်ငါးဥ (အလှဆင်ရန် အတွက်သာ)
အသင့်သုံးရန်စပ်ထားသောအဓိကဆော့စ်ပြုလုပ်နည်း
-
သကြား 180 ဂရမ်
-
ပီနှံငရုတ်သီး 80 ဂရမ်
-
အခွံခွာပြီးသား ကြက်သွန်ဖြူ 80 ဂရမ်
-
နံနံပင်အမြစ် 20 ဂရမ်
-
ကြက်သွန်နီ အသေး 20 ဂရမ်
ပြင်ဆင်ပုံ
-
ဟင်းလျာပြင်ဆင်နည်း
- ပါဝင်ပစ္စည်းအားလုံးကိုအဓိက ဆော့စ်နှင့် အတူထည့်ပြီး အားလုံးကိုသမအောင် မွှေပေးရပါမယ်။* (အရသာပျင်းပျင်းလေးကြိုက်တယ်ဆိုရင် ကြက်သွန်ဖြူ ချဉ် နှင့်အရည်ကို အဓိကဆော့စ်ထဲသို့ထည့်ပေးပါ။)
- ခရမ်းသီးအသုပ်နဲ့ ထပ်ခြမ်းလှီးထားတဲ့ပုစွန်ကင်ကို ပန်းကန်ထဲမှာထည့်ပါ။ ပြီးရင် အပေါ်ကနေ ထပ်ခြမ်းခြမ်းထားတဲ့ ငုံးဥပြုတ်လေးတွေနဲ့ နံနံပင်လေးအုပ်ပေးပါ။ နောက်ဆုံးမှာ ပုစွန်ခြောက်၊ ဆော်လမွန်ငါးဥလေးတွေကို အပေါ်ကနေဖြူးပေးပြီး သုံးဆောင်နိုင်ပါပြီ။
*အသင့်သုံးရန်စပ်ထားသောအဓိကဆော့စ် ၃ စားပွဲတင်ဇွန်း
-
အသင့်သုံးရန်စပ်ထားသောအဓိကဆော့စ်ပြုလုပ်နည်း
- ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီး သေချာမွှေပေးပါ။